Burmese text
ကျွန်မ တစ်နေ့တစ်နေ့လုပ်ရတာတော့ ဒါပါပဲ။ သူတို့ကို ခြေထောက်လေး လုပ်ပေးလိုက်။
မျက်လုံးလေးတွေ တပ်ပေးလိုက်။ ပါးစပ်လေးတွေ ပြင်ပေးလိုက်နဲ့ပေါ့။ ကလေးလေးတွေက
ဒီလိုမျိုးအရုပ်လေးတွေနဲ့ ဆော့ရရင်တော့ ပျော်ကြမှာပဲလေ။ အမေ သမီးဒီအင်္ကျီလေး ဝတ်ချင်တယ်။
သမီးကလည်း အဲအင်္ကျီကအသစ်ကြီးလေ…ဝတ်လို့မရဘူး။ အမေကလည်း သမီး ဝတ်ချင်လို့ပါ။
သမီးရယ် စျေးရောင်းသွားမှာပဲ။ ဒီတိုင်းပဲ သွားလိုက်။ သွားသွား အဲအင်္ကျီ သွားသိမ်းထားလိုက်။
အမေကလည်း။ ကျွန်မသမီးလေး ခက်ခက်စုနဲ့အတူ မနေရတာတောင်ကြာပြီ။ ရွာမှာတုန်းကတော့
အတူတူပေါ့။ သူ့အဖေကျွန်မယောက်ျားဆုံးပြီးကတည်းက ကိုယ်တွေလည်း အကြွေးတွေနဲ့လေ။
အဖေနဲ့အမေကတော့ ထောက်ပံ့ပေးပါတယ်။ မနှစ်က စပါးအထွက်က မကောင်းတော့ သူတို့လည်း
အဆင်သိပ်မပြေဘူးလေ။ မငတ်အောင်တော့ ရှာကြံစားသောက်ရတာပဲ။ အဲဒီတုန်းကတော့
ကလေးလည်းကျောင်းခဏထွက်။ အမေဖြစ်တဲ့ ကျွန်မလည်း စျေးတွေဘာတွေ လိုက်ရောင်းရတာပေါ့။
တတ်နိုင်သလောက်တော့ အဆင်ပြေအောင် နေရတာပဲ။ အဲဒါကိုတောင် အကြွေးကမလွတ်နိုင်ဘူး။
မှတ်မိပါသေးတယ်။ ခက်ခက်စု ၈နှစ်ပြည့်တုန်းက ပြောတာ။ မေကြီးတဲ့ သမီးဆရာမဖြစ်ချင်တယ်တဲ့။
ကျွန်မသိလိုက်ပါတယ်။ ဒီတိုင်းနေလို့တော့ မဖြစ်တော့ဘူး။ သမီးလေးအနာဂတ်အတွက်
စဥ်းစားတော့မယ်လေ။ အဲဒါကြောင့်ကျွန်မ အခုလိုမျိုး ဆုံးဖြတ်ချက်ကြီးကြီး ချခဲ့တာပါ။
အရင်ဆုံးမြို့တွေဘာတွေ တက်ပြီးအလုပ်လုပ်မယ်ဆို ဘာတွေလိုအပ်မလဲ အရင်လေ့လာရတယ်လေ။
အစီအစဥ်တွေ ဘာတွေလည်း ဆွဲကြည့်တာပေါ့။ ဟိုလိုတွက်ကြည့် ဒီလိုတွက်ကြည့် လုပ်ကြည့်တော့။
ရတဲ့ငွေလေးကိုသာ သေချာလေးသုံးမယ်ဆိုရင် အကြွေးတွေလည်း ကျေနိုင်တယ်လေ။
သမီးလေးကိုတော့ ကျွန်မအမေ သူ့အဖွားနဲ့ ထားခဲ့ရတာပေါ့။ ဒီရောက်တော့ အရုပ်စက်ရုံမှာ
အလုပ်ရတယ်။ အရုပ်လုပ်တယ်ဆိုတော့ အေးဆေးလို့ထင်တာ။ သင်စရာတွေကတော့ အများကြီးပဲ။
တစ်ခါတစ်လေ ဒါချည်းပဲ ထပ်ခါတလဲလဲ လုပ်နေရတာလေ။ ကိုယ်တွေလက်တွေလည်း နာတာပေါ့။
အခုဒီမှာ တခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆောင်မှာ အတူတူနေတယ်လေ။ ရောက်ခါစကတော့
ငိုတာပေါ့။ နောက်ပိုင်းတော့ အဆင်ပြေလာပါတယ်။ ထမင်းသွားစားမယ် လိုက်မလား။
ပြီးမှလိုက်ခဲ့မယ်လေနော်။ အဲဒါဆို သွားနှင့်ပြီနော်။ အေးပါအေးပါ။ ရွာမှာ
ကျန်ခဲ့တဲ့ကိုယ့်သူငယ်ချင်းတွေကိုလည်း သတိရတယ်လေ။ သမီးလေးကိုတော့ အလွမ်းဆုံးပဲ။ ရွာမှာ
ကျွန်မသမီးလေးကို စောင့်ရှောက်ဖို့ ကျွန်မမိဘတွေ ကျန်ခဲ့တာပဲ ကံကောင်းတယ်လို့ ပြောရမယ်။
ကျွန်မပို့လိုက်တဲ့ ပိုက်ဆံလေးတွေကိုလည်း သေချာလေး စုစောင့်ပေးထားတယ်လေ။ စိတ်ချရတာပေါ့။
ရွာပြန်နေမယ်ဆိုရင် ပြန်လို့တော့ရတာပေါ့။ အပြီးတော့မပြန်သေးပါဘူး။ အခုလိုမျိုး စွန့်စားမှပဲ။
ကိုယ့်သားသမီးအနာဂတ် ကောင်းလာမှာကိုး။
English translation
Everyday I do the same routine. Give him legs, add his eyes, fix his mouth. Children are happy to play
with these toys. Mom, I would like to wear this dress today. This dress is too nice and new. You can’t
wear it for now. Mom please, I really want to. Work are going to work, girl. Just wear what you have on.
Mom. It’s been a while since I’ve seen my own daughter, Khet Khet Su. Back home we used to see each
other all the time. Since my husband passed away, we have gone into debt. Normally my parents would
help. But their crops failed last year and they are also in trouble. We had to look for work elsewhere to
make ends meet. I took her out of school. And we worked together delivering food for a local farmer. I did
what I could. But it felt like we were just falling deeper into debt. On my daughter’s 8 th birthday, she turned
to me and said, “mommy, I want to be a teacher”. It was the first time I had ever thought seriously about
her future. I realized that we couldn’t go on like this. So, I made a big choice. I learned about how to
migrate and made some plans. I discovered I could send back enough money to slowly pay off our debts.
So, I left my daughter with my parents and made the move. When I got here, I found a job at a toy factory.
I thought it would be easy, but actually it was very difficult. It gets repetitive, and my body starts aching.
They arranged a place for me to stay with other coworkers. When I first arrived, I cried and cried. But
things got better as I got to know people. Do you want to come with us for lunch? I will come along later.
Okay, we’re going first. Okay. I still miss the friends I used to talk to. And of course I miss my daughter the
most. I’m lucky that my family is there to look after Khet Su – my mother and to manage and save the
money that I send. It gives me great reassurance. I could turn back at any time, if I wanted to, but I won’t.
I know that my sacrifice will mean a better future for the one I care about the most.