< Back to Lesson List
Greetings
by Ma Charlotte

This section is prepared by Ma Charlotte.

နှုတ်ဆက်ခြင်း Greetings
Audio by Ma Charlotte:

မြန်မာမှာ နှုတ်ဆက်စကားပြောနည်းများစွာရှိပါတယ်။
သူတို့ထဲကအများစုကတော့ (ယေဘုယျ ပြောစကား)တွေပါ။
There are several ways of greetings in Myanmar. Most of them are informal.

၁) မင်္ဂလာပါ။ > Hello
၂) တွေ့ရတာဝမ်းသာပါတယ်။ > Nice to meet you.
၃) နေကောင်းလား။ > How are you?
၄) မတွေ့ရတာကြာပြီ။ > Long time no see
၅) အဆင်ပြေရဲ့လား။ > How’s going?
၆) အခုတလော ဘာတွေလုပ်နေသလဲ။ > What are you doing these days?
၇) ဘယ်တွေ ပျောက်နေတာလဲ။ > Where did you get lost? If someone is out of touch with you for a long time (eg. a classmate missing the class for so long), you can use this phrase just for fun. ပျောက် > disappear, lost.


Replying Greetings
Audio by Ma Charlotte:

၁) တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ။ > Nice to meet you, male speaker tag ခင်ဗျာ.
၂) တွေ့ရတာဝမ်းသာပါတယ်ရှင်။ > Nice to meet you, female speaker tag ရှင်.
၃) ဟုတ်ကဲ့။ > Yes.
၄) နေကောင်းပါတယ်။ > I am fine.
၅) ကျေးဇူးတင်ပါတယ်။ > Thank you.
၆) ခင်ဗျားရော။ > And you?
၇) ရှင်ရော။ > And you?
၈) ခင်ဗျားရော။ နေကောင်းရဲ့လား။ > And you? How are you?
၉) ရှင်ရော။ နေကောင်းရဲ့လား။ > And you? How are you?
၁၀) အခုတလော အဆင်ပြေပါတယ်။ > I am doing well these days.
၁၁) အဆင်ပြေပါတယ်။ > I am doing well.
၁၂) ဘယ်မှ မပျောက်ပါဘူး။ > Didn’t get lost anywhere.
၁၃) အလုပ်တွေ ရှုပ်နေလို့ပါ။ > I am too busy.
၁၄) အလုပ်တွေ များနေလို့ပါ။ > I am too busy.
၁၅) ခင်ဗျားကို သတိရပါတယ်။ > I miss you.
၁၆) ရှင်ကို သတိရပါတယ်။ > I miss you.
၁၇) အားလုံးကို သတိရပါတယ်။ > I miss you all.

Contributors
Ma Charlotte - this lesson writer.

«  Lesson List